ရူးနှမ်းအပြေးကမ္ဘာ

အမှုန်ငယ် ငါနဲ့ မင်းကြားထဲမှာ သံချပ်အော်သံတွေနဲ့ ပြန်လာမယ်
တစ်မြို့လုံးကို စိမ်းနေတဲ့ စိမ်းအမှုရဲ့ ဆေးသောက်လိုက်ဖို့ရဲ့ ဆေးထဲမှာ
ရွေ့နေတဲ့ အစက်ငါ အပြောက်ထနေတယ်
ဘာကိုမှ အရသာ မတွေ့အောင် တစ်ခုခုအရသာ လှမ်းဆွဲမိတဲ့ အရသာ ရော် သေဆုံးခြင်း အရူး
အရိုးတွေကို ရိုက်ချိုးပစ်လိုက်တယ် အားလုံးဟာ ရုတ်တရက်တွေပဲ
ဘာမှ အချိုးမပြေဘူး ရုတ်တရက် တံခါးဖွင့်တယ် ပြေးတယ်
ရုတ်တရက် ပြင်းထန်တယ် လွဲချော်တယ် တခြားကြယ်စုတွေကို ငေးကြည့်ခဲ့ရတဲ့ အကြောင်းများ အမြဲစဉ်းစားပါ
ဒါပေမဲ့ ဂြိုဟ်သားတွေ ခံစားဖွယ် ကောင်းအောင် တုံ့ပြန်ပါ သရဲကားလား သရဲကားလား
ဝင်ငွေအကောင်းဆုံးရဖို့ လှုပ်ရှားကြတယ် ပြေး ပြေး - ပြေး
ဘာရဲ့ ခြေရာမှန်း ဘယ်သူမှ မသိကြ ဘာမှ မရေရာ
အဝေးဆုံးရောက်အောင် ဒီစီးဆင်းမှုရဲ့ အဝေးဆုံးရောက်အောင်
ဘယ်လိုအကြောင်းမှ မရပ်တန့်မိစေနဲ့ ရုတ်တရက် ထပြေးပြီး ဆက်လက်မနားတမ်းပြေး
အရိပ်တွေ လာလိမ့်မယ် နေ့ပက်လက်ကြီးနဲ့ ညအသေမျောနေတဲ့ အရိပ်တွေ မိမိရှေ့မှောက်လာလိမ့်မယ်
ပိုပြေးရလိမ့်မယ် နောက်ဆုံးအသက်လို ပြေးရလိမ့်မယ် အမှုန်ငယ်
ပြုပြင်ပြောင်းလဲရေးရဲ့ အပြည့်အ၀မပြည့်စုံလာမီအထိ လူအဖြစ် ငါတို့ပြေး
မလွဲမချော် မနားတမ်းပြေး ရပ်မရအဖြစ်တွေနဲ့ပဲ
ဘယ်တော့မှ နိဂုံးမသတ်ဘူး ငါ့ရဲ့ ဘေးမှာ သဲသဲမဲမဲ ပြင်းထန်စွာ




8:32 PM 2/3/2013
စိုးမင်းအောင်

0 comments:

Post a Comment