ကမ္ဘာကြီးဆိုတဲ့ မပီမသကိစ္စကို လူသားအမြင်သက်သက်အရ မပီမသ

ဇာတ်စင်ပေါ်တွင်ကား ဖရိုဖရဲ မပီမသ အချစ်ကျေးကျွန်များ ဆေးသားစုတ်ချက်
အိပ်မောကျ သွေးစုပ်ခံရသူလို မပီမသ စိတ်ရှည်လက်ရှည်
အာခေါင်ကွဲနေတာ ရှိရင် အော့အန်ရင် သေရတော့မယ်ဆိုရင် ဘာကိုသာ မက်မောတောင့်တ မပီမသ
မောဟိုက်နေတာ သနားပါတယ် ပွတ်တိုက်ဖန်များတဲ့အတွက် ပါးလျကုန်တဲ့ မပီမသ
လမ်းလျှောက်လှိုက်လောင်နေတဲ့ မီးတစ်စ လည်ချောင်းထဲက တစ်စုံတစ်ရာ မပီမသ အသံမျိုးမြည်ပြီး
တိမ်လည်း တိမ်မပီမသတော့တဲ့ မြင်ကွင်းတွေဆီ ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက် မပီမသ
နားထင်ထဲမှာ မပီမသလားဆိုတော့ အနည်းငယ်လူးလွန့်ကာ ခပ်ကြမ်းကြမ်းဖိကုတ်ခြစ်
ညည်းသံ ခပ်ကြမ်းကြမ်းနဲ့အတူ တကယ်ဆိုရင် အဲဒီအရာတွေ မဖြစ်သင့်ဘူးထင်တယ် မပီမသ
ကျီးကန်းလို မည်းနက်အော်မြည်မှတ်တမ်းများ မျိုးစုံရောနှောနေပြီး တဆတ်ဆတ်တုန် မပီမသ
တလွဲတွေလည်း ဗလုံးဗထွေး ဟာသမဟုတ်တဲ့ လူနာခုတင်ပေါ်က ကြယ်ကလေးတွေ
လရောင်မှိုင်းလေး တစ်စတွေ့ရတယ် သားကောင်ရှိုက်သံ အသံမပီမသ မလှမပ
နှုတ်ဆက်မြှုပ်နှံ သူ့ရဲ့ ကြိုးစားမှု ရုန်းကန် ခြေဟန် လက်ဟန် ဂျစ် ဂျစ်
ထိုနတျသမီး၏ မထူးဆန်းတဲ့ ကမ္ဘာ ညခင်းမည်းမည်းထဲမှာ အတောင်ပံကျိုး ဈာပန
ရွတ်နေတဲ့ သီချင်းသံတွေ တွေ့သမျှဝင်တိုက် ယုံကြည်မျှော်လင့်ချက်စောင့်မိတဲ့အတွက်
အမှားထဲမှာ ရောက်သမျှကမ္ဘာအတွက် မပီမသ ဒီတိမ်းစောင်းမှု ဒီပေါက်ကွဲမှု
ဒီပျက်စီးတော့မှာလားဆိုတဲ့ ရနံ့ ဖြစ်ပေါ်မှုနှင့် ပတ်သက်၍ ရင်ခုန်ပါတယ် ဘာလဲ ဘယ်လဲ
ဆိုးဆိုးရွားရွားဖောက်ပြန်ပြောင်းလဲ အဲဒါကို ဇစ်ပ်ပိတ်သကဲ့သို့ အခြေအနေမျိုး
ချောင်ကျတဲ့ ကမ္ဘာကြီး ချောင်ကျ ဖျားနေတော့ ဘယ်သူမှ သူ့တစ်ယောက်တည်း
အလင်းရောင်ရရှိမှာ မဟုတ်တော့တာပါပဲ စိုးရိမ်ပူပင်မှုစိတ်တွေနဲ့ သေသောသူ ကြာရင် မေ့သတဲ့
သူ့လည်း ကြာရင် မေ့မှာပါပဲ မပီမသအသစ်များ အထိတ်တလန့် မပီမသ
ဗုံးချည်လာသူကြား ရောက်သလို ပိတ်မိနေတယ် အိုကွာ မပီမသကြီး

စိုးမင်းအောင်
9:56 PM
24-Mar-13

1 comments:

အားကျတယ် အစ်ကိုရာ ... ဒီလိုကဗျာမျိုး ရေးတတ်ချင်လိုက်တာ ... :)

 

Post a Comment